လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၁၁-၂၀၁၉ ) ရက်နေ့တွင် ဟင်္သာတမြို့နယ်၊ (ပဲကြီးကျွန်း၊ အိပ်ပျက်၊ မြို့ကွင်း) အုပ်စု၊ ကျေးရွာခွဲ (၃) ရွာတွင် (၁၅-၁၁-၂၀၁၉) နေ့၌ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင်း ဘေးသင့်အိမ်ထောင်စု (၁၁) စု၊ လူဦးရေ (၅၁) ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၀၀၀၀၀/-) ကျပ်၊ လူဦးရေ (၅၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၀၇၁၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၂၀၇၁၀၀/-) ကျပ်အား (၂၂-၁၁-၂၁၀၉) ရက်နေ့ (၁၁:၀၀) နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ဟင်္သာတမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_nov2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)