သဘာဝဘေးအသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း

22_Pic_01
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အဖွဲ့ ( ၂) ဖွဲ့ခွဲ၍ (၂၂-၁၁-၂၀၁၉) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၁:၀၀) နာရီအထိ သာစည်ကျေးရွာ၊ အထက်တန်းကျောင်း၌ ကျောင်းသား/ သူ (၃၅၀) ဦးခန့်နှင့် (၁၃:၀၀) နာရီမှ (၁၄:၀၀) နာရီအထိစက္ကန့်ကျေးရွာ အလယ် တန်းကျောင်း၌ ကျောင်းသား/ သူ (၁၅၀) ခန့်အား သဘာဝဘေးအသိပညာပေးဟောပြော ဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ နှင့်နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar
#sgg_nov2019
Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events