လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြို့နယ်သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီနှင့် ပူးပေါင်း၍ (၂၂-၁၁-၂၀၁၈) ရက်နေ့၊ (၁၀:၀၀) နာရီမှ (၁၂:၀၀) နာရီအထိ ချောင်းဆုံမြို့နယ်၊ ဇီးကုန်းကျေးရွာ၊ (အ.မ.က) မူလွန် စာသင်ကျောင်း၌ ကျေးရွာပြည်သူ (၉၀) ဦးခန့်အား သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးခဲ့ပြီး သဘာဝဘေးအသိပညာပေး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်းသတင်းရရှိပါသည်။
#ar
#mon_nov2019
Source: ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)