လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

15_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊‌‌ အောင်သာကျးရွာနှင့် ကဒါတ်စိန်ကျေးရွာတို့၌ (၁၄-၁၁-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုးပါ (၁)အိမ်ထောင်စုစာကိုလည်းကောင်း၊ ပြိုလဲနေအိမ်(၁)လုံးနှင့် အမိုးလန်နေအိမ်(၁)လုံးတို့ရှိ ဘေးသင့်လူဦးရေ(၈)ဦးတို့အတွက် ဆန်ရိက္ခာ(၇)စာဖိုး ထောက်ပံ့ငွေ (၁၆,၈၀၀/-) ကျပ်ကိုလည်းကောင်း (၁၅-၁၁-၂၀၁၉) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကဝမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူး များနှင့်အတူ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_swg

#bgo_nov2019

Source:           ကဝမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events