လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ရန်ကုန်တိုင်းဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့် မြန်မာနိုင်ငံငလျင်ကော်မတီ၊ ရန်ကုန်လူမှုကူညီကယ်ဆယ်ရေး အဖွဲ့ (YRO) တို့နှင့်ပူးပေါင်း၍ (၁၄-၁၁-၂၀၁၉) ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင် ဒဂုံမြို့နယ်၊ အ.ထ.က(၁)ကျောင်း၌ မြေငလျင်ဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းအစီအစဉ် ကို ကျောင်းသား/ကျောင်းသူ (၆၀၀)ဦးခန့်တို့ကိုလည်းကောင်း၊ နေလယ် (၁၂:၃၀) နာရီအချိန်တွင် မူလတန်းကျောင်းသား/ကျောင်းသူ (၉၅၀) ဦးတို့ကိုလည်းကောင်း အသိပညာပေးဟောပြောသရုပ်ပြ လေ့ကျင့်ခြင်းတို့ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ygn_nov2019
Source: ရန်ကုန်တိုင်းဦးစီးမှူးရုံး(ဘစမ)