ကမ်းပြိုဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

14_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လယ်ဝေးမြို့နယ်၊ သစ်ကြိမ်းကျေးရွာအုပ်စု၊ သစ်ကြိမ်းကျေးရွာ၌ (၈-၁၁-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦး‌ရေ (၁၂) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅,၂၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၁)မျိုး (၂) အိမ်ထောင်စုစာတို့ကို (၁၄-၁၁-၂၀၁၉) ရက်နေ့၊ (၁၀:၀၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခမ်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#npw_nov2019

Source:           နေပြည်တော်တိုင်းဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events