မိုးကြိုးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

31_Pic_02

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်အောက်တိုဘာလ(၃၀) ရက်နေ့ တွင်ဘိုကလေးမြို့နယ်၊ မဂူကျေးရွာအုပ်စု၊ သီလရက္ခိတကွက်လယ်ကွင်း၌ မိုးကြိုးဘေးကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ဘိုကလေးပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် လူနာ (၃) ဦးအတွက် တစ်ဦးလျှင်ထောက်ပံ့ငွေ (၅၀၀၀၀/-) ကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀၀၀၀/-) ကျပ်ကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့်အတူ (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_tls

#ayy_oct2019

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events