လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

31_Pic_01

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဇလွန်မြို့နယ်၊ သာဒုချောင်း အုပ်စု၊ ကျေးရွာ (၄) နှင့် အထွဋ်အုပ်စု၊ ကျေးရွာ(၅)ရွာတို့တွင် (၂၇-၁၀-၂၀၁၉) ရက်နေ့ဖြစ်ပွား ခဲ့သောလေဘေး၌ ပြိုလဲအိမ်ခြေ (၆) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၆၀၀၀၀ဝ/-) ကျပ်၊ တစ်စိတ်တစ်ပိုင်းပျက်စီးအိမ်ခြေ (၁၀) လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၄၀၀၀ဝ/-) ကျပ်၊ လူဦးရေ (၇၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာထောက်ပံ့ငွေ (၁၅၅၄၀ဝိ/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၄) အိမ်ထောင်စုစာတန်ဖိုး (၁၃၅၄၁၂/-) ကျပ်၊ ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတန်ဖိုး (၆၄၇၀၆/-) ကျပ်၊ စုစုပေါင်းထောက်ပံ့မှု (၁၁,၉၅,၅၁၈/-) ကျပ်ကို (၃၁-၁၀-၂၀၁၉) ရက်နေ့၌ ဇလွန်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw
#ayy_oct2019
Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events