မီးဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

31_Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြင်းခြံမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်၊ ရဲတိုင်ကျေးရွာအုပ်စု၊ ရဲတိုင်ကျေးရွာ၌ (၃၀-၁၀-၂၀၁၉) ရက်နေ့၊ (၀၉:၃၀) အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့်  လုံးဝပျက်စီးအိမ်ခြေ (၃) လုံး၊ အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၄)ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၅၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၂၉,၄၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာနှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၆)မျိုးအိမ်ထောင်စု (၂) စုစာတို့ကို (၃၁-၁၀-၂၀၁၉) ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြင်းခြံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများလက်၀ယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#mdy_oct2019

Source:           မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events