လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ်မြတ်မြတ်အုန်းခင်သည် သြဂုတ်လ ၃၁ ရက်နံနက်ပိုင်းတွင် မြစ်ကြီးနားမြို့တော်ခန်းမ၌ ကျင်းပသော ကချင်ပြည်နယ်အတွင်းရှိ ပြောင်းရွှေ့ပြည်သူများနှင့် မူလနေထိုင်ရာကျေးရွာများတွင် ပြန်လည်နေထိုင်မည့် အိမ်ထောင်စု များအတွက် ထောက်ပံ့ငွေများနှင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများသို့ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ပြီးဝန်ကြီးဌာနအနေဖြင့် ပြောင်းရွှေ့ အိမ်ထောင်စုများအတွက် ယနေ့အချိန်ထိ စုစုပေါင်းထောက်ပံ့ငွေကျပ်သိန်းပေါင်း ၂၅၅၀ ကျော် ထောက်ပံ့ပေးခဲ့ပြီဖြစ်ပါကြောင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ထာ၀ရငြိမ်းချမ်းရေးရရှိပြီးသည်နှင့်တစ်ပြိုင်နက် မူလနေထိုင်ရာ ကျေးရွာများသို့ပြန်လည်နေထိုင်မည့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများနှင့် ပစ္စည်းများကိုအဆင်သင့် ကြိုတင်ပြင်ဆင် ထားပြီးဖြစ်ပါကြောင်း။
နိုင်ငံတော်သမ္မတကြီး၏ လမ်းညွှန်ချက်အတိုင်း ကချင်ပြည်နယ်အတွင်း များမကြာမီရရှိလာတော့မည့် ထာ၀ရ ငြိမ်းချမ်း ရေးတည်ဆောက်အပြီး ပြောင်းရွှေ့ပြည်သူများ၏လူမှုစီးပွားဘ၀များ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာအောင် သက်ဆိုင်ရာ အစိုးရဌာနများ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများနှင့် ပြည်သူလူထုအားလုံး လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပေးကြစေ လိုပါ ကြောင်း၊ ပြောင်းရွှေ့ပြည်သူများနှင့် မူလနေထိုင်ရာကျေးရွာများသို့ ပြန်လည်နေထိုင်မည့်အိမ်ထောင်စုများအတွက် ငွေကျပ် ၆၄၃ ဒသမ ၆၇ သိန်းနှင့် မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်၊ မိုးညှင်းခရိုင်၊ ပူတာအိုခရိုင်အတွင်းရှိ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအတွက် ငွေကျပ် ၅၄၁ ဒသမ ၂၁ သိန်းစုစုပေါင်းငွေကျပ် ၁၁၈၄ ဒသမ ၈၈ သိန်းထောက်ပံ့ပေးခြင်းသည် နိုင်ငံတော်သမ္မတကြီးချမှတ်ထားသော ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့်ကျေးလက်ဒေသဖွံရေးလုပ်ငန်းများကို ကချင်ပြည်နယ် အတွင်းအကောင်အထည်ဖော်ဆောင်ရွက်ရန်တို့တွင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေခြင်းပင်ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက်ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ကချင်ပြည်နယ်အတွင်း လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးအောင်တို့က လွယ်ဂျယ်မြို့ကယ်ဆယ်ရေးစခန်းမှ မူလနေထိုင်ရာကျေးရွာများသို့ ပြန်လည်ပြောင်းရွှေ့နေထိုင်မည့်အိမ်ထောင်စု ၃၃ စု၊ လူဦးရေစုစုပေါင်း ၁၉၀ တို့အတွက် ဆန်ရိက္ခာဖိုး ၃ ဒသမ ၃၇ သိန်း၊ အိမ်ဆောက်ပစ္စည်းဖိုး ၂၁၄ ဒသမ ၅ သိန်း၊ ၇ ဒသမ ၀၆ သိန်းခန့်တန်ဖိုးရှိသော ကယ်ဆယ်ရေးပစ္စည်း ကိုးမျိုး၊ ကျောင်းသားကျောင်းသူများအတွက် ၂ ဒသမ ၁၆ သိန်းခန့်တန်ဖိုးရှိ သည့်ကျောင်းဝတ်စုံများ၊ ကယ်ဆယ်ရေးစခန်း ၁၀၁ ခုရှိ လူဦးရေစုစုပေါင်း ၄၃၃၇၈ ဦးတို့အတွက် ဆန်ရိက္ခာဖိုး ၃၁၆ ဒသမ ၆၃ သိန်း၊ သွားလာရန်ခက်ခဲသောဒေသများရှိ ပြောင်းရွှေ့ပြည်သူများအတွက် ကျပ်သိန်း ၁၀၀ ခန့်တန်ဖိုးရှိသော နှစ်ယောက်အိပ် ခြင်ထောင်များ၊ ဆေးဝါးများနှင့် အစားအစာ၊ မုန့်ကြွပ်များစုစုပေါင်း ကျပ် ၆၄၃ ဒသမ ၆၇ သိန်းကို သက်ဆိုင်သူများထံ ထောက်ပံ့ ပေးအပ်သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခရစ်ယာန်မျက်မြင်ကျောင်း အတွက် ၄၅ ဒသမ ၆၅ သိန်း၊ အောင်တော်မူ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၄၂ ဒသမ ၃၄ သိန်း၊ မေတ္တာရင်ခွင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၄၁ ဒသမ ၇၅ သိန်း၊ ပြည်လုံးချမ်းသာ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၃၅ ဒသမ ၇၂ သိန်း၊ မေတ္တာရိပ်မြုံ လူငယ်ဖွံဖြိုးရေး ပရဟိတဂေဟာအတွက် ၁၂ သိန်း၊ ရန်အောင်မြင် လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာ အတွက် ကိုးသိန်း၊ မေတ္တာစိမ့်စမ်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ကိုးသိန်းနှင့် နေခြည်လူငယ်ဖွံ့ဖြိုးရေး ပရိဟိတဂေဟာ အတွက် ၆ ဒသမ ၉၀ သိန်း၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ချမ်းမြေ့လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၁၉ ဒသမ ၅၀ သိန်း၊ တနိုင်းမြို့နယ်အတွင်းရှိ မေတ္တာမွန်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၁၈ သိန်း၊ မြစ်ကြီးနားခရိုင်အတွင်းရှိ ကိုယ့်အားကိုယ် ကိုးမူလတန်းကြိုကျောင်း ၁၆ ကျောင်းအတွက် ၉၆ သိန်း၊ ဗန်းမော်မြို့နယ်အတွင်းရှိ ရေရှင်လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာအတွက် ၃၆ ဒသမ ၄၅ သိန်း၊ ညောင်ပင်သာ လူငယ်ဖွံ့ဖြိုးရေးပရဟိတအတွက် ၂၁ ဒသမ ၉၀ သိန်းနှင့် ဗန်းမော်ဘိုးဘွားရိပ်သာအတွက် ၁၆ ဒသမ ၀၁ သိန်း၊ ဗန်းမော်ခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း ခြောက်ကျောင်းအတွက် ၃၆ သိန်း၊ မိုးကောင်း မြို့နယ်အတွင်းရှိ သပြေပင်လူငယ်ဖွံ့ဖြိုးရေးပရဟိတဂေဟာအတွက် ၃၄ ဒသမ ၉၉ သိန်း၊ မိုးညှင်းခရိုင်အတွင်းရှိ ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းခြောက်ကျောင်းအတွက် ၃၆ သိန်း၊ ပူတာအိုခရိုင်အတွင်းရှိ ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်း လေးကျောင်းအတွက် ၂၄ သိန်း စုစုပေါင်းကျပ်သိန်းပေါင်း ၅၄၁ ဒသမ ၂၁ သိန်းကို တာဝန်ရှိသူများထံပေးအပ်ထောက်ပံ့ပေးခဲ့ ကြောင်း သတင်းရရှိသည်။