လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၀-၁၀-၂၀၁၉) ရက်နေ့ တွင် မိုင်းဖြတ်မြို့နယ်၊ နမ့်နန်းကျေးရွာအုပ်စု၊ ပါယောင်း (၁) ကျေးရွာ၌ မီးဘေးဖြစ်ပွားခဲ့ရာ (ဝါးထရံကာ၊ ပျဉ်ခင်း၊ သွပ်မိုး၊ ခြေတံရှည်) အိမ် (၁) လုံး၊ အိမ်ထောင်စု (၁) စု၊ လူဦးရေး ကျား (၄) ဉီး၊ မ (၁) ဦး၊ စုစုပေါင်း (၅) ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါမီးဘေးအတွက် အိမ်ဆောက်ပစ္စည်း ဖိုးငွေ (၁၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် တစ်ပတ်စာဆန်ရိက္ခာဖိုးငွေ (၁၀၅၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါပုံးတစ်ပုံးတို့အား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ (၂၂-၁၀-၂၀၁၉) ရက်နေ့တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fir
#shn_oct2019
Source: မိုင်းဖြတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)