အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်းအနားကျင်းပပြုလုပ်မှုသတင်း

20_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးရုံးမှ တာဝန်ရှိသူများသည် ကြက်ခြေနီအသင်း၏ဦးဆောင်မှုဖြင့် INGO NGO အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ဘိုကလေးမြို့ ချိုကြည်တန်ဆောင်း၌ (၂၀-၁၀-၂၀၁၉) ရက်နေ့တွင် အပြည်ပြည်ဆိုင်ရာ သဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေး နေ့အခမ်းအနား “International Day For Disaster Risk Reduction-IDDRR” ကို “ဘေးဒဏ်ကြံ့ကြံ့ခံနိုင်ဖို့ အခိုင်ခံ့ဆုံးတည်ဆောက်စို့” “BUILD TO LAST” ဆောင်ပုဒ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ ကုသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာကို  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်က ဖတ်ကြားခဲ့ပါသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ညွှန်ကြားရေးမှူးမှ “IDDRR ”အခမ်းအနား ပြုလုပ်ရခြင်းအကြောင်းအား ပြောကြားခဲ့ပါသည်။ အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ INGO/NGO ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/သူများ စုစုပေါင်းလူဦးရေ (၂၀၀) ဦး တက်ရောက်ခဲ့ကာ အခမ်းအနား၌ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား သဘာဝဘေးနှင့် ပတ်သက်သော မေးခွန်းများမေးမြန်းကာ အဖြေမှန်သူများကို လက်ဆောင်များပေးအပ်ခြင်း၊ မုန့်နှင့်အချိုရည်များဖြန့်ဝေခြင်း များဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။

#otr

#ayy_oct2019

Source:   ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events