မီးဘေးအတွက် ထောက်ပံ့မှုသတင်း

20_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၈.၁၀.၂၀၁၉) ရက်နေ့ မိုင်းပျဉ်းမြို့၊ လွယ်လုံကျေးရွာအုပ်စု လုဝိုင်ကျေးရွာတွင် မီးဘေးဖြစ်ပွားခဲ့ရာ နေအိမ်(၁)လုံး အိမ်ထောင်စု(၁)စုမှ လူဦးရေ (၅)ဦး မီးဘေးသင့်ခဲ့ပါသည်။ အဆိုပါ မီးဘေးသင့်အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၀၀၀၀၀) ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာ (၁၀၅၀၀) ကျပ်၊ စုစုပေါင်း (၂၁၀၅၀၀) ကျပ်နှင့် ပလက်စတစ်ပုံး ကယ်ဆယ်ရေး ပစ္စည်း (၂၂) မျိုးတို့ကို (၂၀.၁၀.၂၀၁၉)ရက်နေ့၊ (၁၀:၃၀)နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူလက်ဝယ်ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fir

#shn_oct2019

Source:   မိုင်းပျဉ်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events