မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

19_Pic_01 19_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြစ်ကြီးနားမြို့နယ်၊ လယ်ကုန်းရပ်ကွက်၊ နယ်မြေ(၄)တွင် (၂-၁၀-၂၀၁၉)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးသင့် အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀၀) ကျပ်၊ လူဦးရေ (၁၄) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ (၂၉၄၀၀) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၂၂၉၄၀၀) ကျပ် နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး အိမ်ထောင်စု (၂) စုစာတို့ကို (၁၉-၁၀-၂၀၁၉)ရက်နေ့ (၁၅:၀၀) နာရီအချိန်တွင် လယ်ကုန်းရပ်ကွက်၊ နယ်မြေ (၄) မီးဘေးသင့်အိမ်၌ ဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိ ပါသည်။

#ha_fir

#kcn_oct2019

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events