“၂၀၁၉ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ် ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့” အထိမ်းအမှတ် အခမ်းအနားကျင်းပမှုသတင်း =========================

19_Pic_01 19_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာသဘာဝဘေးအန္တရာယ်ထိခိုက်ဆုံးရှုံးနိုင်ခြေလျှော့ချရေးနေ့ အခမ်း အနားကို ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာဧည့်ခံခန်းမ၌ (၁၈.၁၀.၂၀၁၉) ရက်နေ့(၀၉:၀၀)နာရီတွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတက်ရောက်ပြီး အဖွင့်အမှာစကားပြောကြားခြင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်၏ သဝဏ်လွှာအား UNICEF မှ Representative Ms.June Kunugi က ဖတ်ကြားခြင်းနှင့် အစိုးအဖွဲ့ဝင်ဝန်ကြီးများ တိုင်းအဆင့်ဌာနဆိုင်ရာများ ခရိုင်/မြို့နယ်များမှ သဘာဝဘေးစီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ အထက်တန်း နှင့်အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲမှ ဆုရကျောင်းသား/သူများ ဆရာ/ဆရာမများ ကျောင်းသားမိဘများနှင့် ရှာဖွေကယ်ဆယ်မီးသတ်တပ်ဖွဲ့ဝင်များ မြန်မာနိုင်ငံကြက်ခြေနီအသင်း လူမှုရေးအသင်းအဖွဲ့များ UN,INGOs, local INGOs များအပါအဝင် စုစုပေါင်းလူဦးရေ (၄၅၀) ဦးခန့်တက်ရောက်ခဲ့ကြပါကြောင်း သတင်း ရရှိပါသည်။

#otr

#ygn_oct2019

Source:  ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events