လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်အောင်မြို့နယ်၊ ကျွဲတဲကုန်းအုပ်စု၊ ငှက်ကြီးသိုက်ကျေးရွာနှင့် လေးတူးအုပ်စု၊ မိုးမခကျေးရွာတို့တွင် (၁၉-၉-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျအိမ်ခြေ (သစ်-၂) လုံး၊ အမိုးလန်အိမ်ခြေ (ဝါး-၁) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၂၃၀,၀၀၀/-) ကျပ်၊ လူဦးရေ (၁၇) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၃၅,၇၀၀/-) ကျပ်၊ ဒဏ်ရာရလူနာ (၁) ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၂) အိမ်ထောင်စာတို့အား (၂၀-၉-၂၁၀၉) ရက်နေ့ (၁၀း၃၀) နာရီ အချိန်တွင် မြန်အောင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

#ha_sgw
#ayy_sep2019

Sign Up

Upcoming Events