သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်မှုသတင်း

မိုးကောင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သော သဘာဝဘေးလျော့ပါးရေး စေတနာ့ ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်းအား (၁၇-၉-၂၀၁၉) ရက်နေ့မှ (၁၉-၉-၂၀၁၉) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ သင်တန်းဆင်းပွဲအား (၁၅း၃၀) နာရီမှ (၁၆း၄၅) နာရီအချိန်ထိ အထက(၁)မဉ္ဇူ ကခန်းမတွင် သင်တန်းဆင်းပွဲ ကျင်းပပြုလုပ်ခဲ့ရာ ဌာနဆိုင်ရာ (၂၀) ဦးနှင့် သင်တန်းသူသင်တန်းသား (၃၀) ဦး ၊ စုစုပေါင်း (၅၀) ဦးတို့ တက်ရောက် ခဲ့ပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီး ဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့် မိုးညှင်းခရိုင်ဦးစီးမှူးရုံးတာဝန်ရှိသူများမှ သင်တန်းဆင်း လက်မှတ် များပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။

Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#kcn_sep2019

Sign Up

Upcoming Events