လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ကွမ်းတောင်ကျေးရွာ၊ လက်ဝဲမြန်နှင့် အထက်မြတ်လှဲကျေးရွာတို့မှ တိုက်ပွဲရှောင်အိမ်ထောင်စု (၁၆၈) စု၊ လူဦးရေ (၈၀၂) ဦးတို့အတွက် ဆန်ရိက္ခာ(၁) လစာ (၂၅၀) အိတ်၊ (၁၅) ပြည်တို့အား (၁၉-၉-၂၀၁၉) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး(ဘစမ)
#otr
#rke_sep2019