
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၉) ရက်နေ့၊ (၁၂း၃၀) နာရီအချိန်တွင် မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဝတီမြို့နယ် သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ခရိုင်မီးသတ်ဦးစီးမှူးရုံး၊ မိခင်နှင်ကလေးစောင့်ရှောက်ရေး၊ အမျိုးသမီးရေးရာ၊ ကြက်ခြေနီတပ်ဖွဲ့၊ မြဝတီမြို့ လူမှုကယ်ဆယ်ရေးအသင်း (MR)တို့နှင့်ပူးပေါင်း၍ မြဝတီမြို့၊ အမှတ် (၅) ရပ်ကွက်၊ သဖန်းပင်ဂိတ်အနီး သောင်းရင်းမြစ်တွင် ကြိုတင်သတိပေးစနစ်လေ့ကျင့်ခြင်း၊ ရေဘေး ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်ခန်းများ၊ ထိခိုက်လွယ်သောအုပ်စုအား ဦးစားပေးရွှေ့ပြောင်းခြင်း၊ ဒုက္ခသည်များ ပြောင်းရွှေ့ပေးခြင်းလေ့ကျင်ခြင်း ဇာတ်တိုက်လေ့ကျင့်ခဲ့ကြပြီး ကိုးနဝင်းဘုန်းကြီးကျောင်းတွင် ရေဘေးအသိပညာပေးဟောပြောပွဲတို့အား ဆောင်ရွက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် မြဝတီမြို့နယ်သဘာဝဘေးစီမံခန့်ခွဲမှုအဖွဲ့၊ ဌာနဆိုင်ရာများ၊ ပြည်သူများ စုစုပေါင်းလူဦးရေ (၃၅၀) ကျော် ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။
Source: မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)
#fld_simex
#krn_sep2019