သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၉-၉-၂၀၁၉) ရက်နေ့၊ (၁၃း၀၀) နာရီအချိန် တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ် ပညာရေး ဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ် ကျေးလက် ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနတို့နှင့်ပူးပေါင်း၍ အင်္ဂပူမြို့နယ် ထူးကြီးမြို့ အထက (ထူးကြီး) ကျောင်း၌ ပြုလုပ်သော” ပြည်သူ့စကားဝိုင်း” တွင် ဆရာ/ဆရာမ၊ ကျောင်းသား/ ကျောင်းသူ (၅၀၀) ဦးခန့်အား သဘာဝဘေး အန္တရာယ်ဆိုင်ရာအသိပညာများအား ဆွေးနွေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy_sep2019

Sign Up

Upcoming Events