မိုးသည်းထန်စွာရွာသွန်း၍ ရုတ်တရက် ရေကြီးမှုဒဏ်ခံစားခဲ့ရသော ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ထောက်ပံ့မှုပေးခြင်း

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၌ (၅-၉-၂၀၁၄) ရက်နေ့နှင့် (၆-၉-၂၀၁၄) ရက်နေ့များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြာင့် ချောင်းရေများ ရုတ်တရက်မြင့်တက်ခဲ့ပြီး ပုန်းထွန်းရပ်ကွက်၊ တာလော့ရပ်ကွက်၊ ဝမ်ကောင်းရပ်ကွက်၊ မကာဟိုခမ်းရပ်ကွက်၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ဆန်ဆိုင်း (ခ)ရပ်ကွက်၊ မယ်ခေါင်ရပ်ကွက်နှင့် ရန်အောင်မြေရပ်ကွက်များအတွင်းသို့ ရေများဝင်ရောက်ခဲ့ရာ အိမ်ခြေ (၉၀၀)လုံး၊ အိမ်ထောင်စု (၁၀၇၉) စုမှ လူဦးရေစုစုပေါင်း (၄၁၀၉) ဦးအား သိရီရတနာဂူဟာကျောင်း၊ ဝမ်ကောင်းဓမ္မာရုံ၊ မြို့လယ်ဓမ္မာရုံ၊ နဂါးနှစ်ကောင်ကျောင်း၊ ဝမ်မိုင်ကျောင်း၊ မဲခေါင်ဘုန်းကြီးကျောင်း၊ နယ်မြေ (၁) ခန်းမနှင့် ကျောက်တိုင်ကွင်းများသို့ ခေတ္တပြောင်းရွှေ့နေရာချထားပေးခဲ့ရသော လူဦးရေပေါင်း (၄၁၀၉) ဦးအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ဆန် (၃) ရက်စာ ရန်ပုံငွေ (၃၆,၉၈,၁၀ိ/-) နှင့် တန်ဖိုးငွေ (၈၃,၉၂,၄၆၂/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၁၀၇၉) အိမ်ထောင်စာ၊ စုစုပေါင်းပစ္စည်းနှင့် ငွေသားတန်ဖိုး (၁၂၀,၉၀,၅၆၂/-) အား (၇-၉-၂၀၁၄) ရက်နေ့တွင် ထောက်ပံ့ခဲ့သည်။

Sign Up

Upcoming Events