လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၉)ရက်နေ့ ပုလောမြို့နယ်၊ လိပ်သောင်ကျေးရွာအုပ်စု၊ လိပ်သောင်ကျေးရွာမှ ရေလှိုင်းရိုက်ခတ်၍ ပြိုကျပျက်စီးခဲ့သော နေအိမ်( ၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး( ၁)အိမ်ထောင်စာနှင့် လူဦးရေ( ၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ(၁၁၂၆၀၀/-)ကျပ်အား (၃-၉-၂၀၁၉)ရက် နေ့ နေ့လည် (၁၃း၃၀)နာရီအချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_ fld
#tny_sep 2019