လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးကျေးရွာအုပ်စု၊ မော်ချီးတောင်ပေါ် KB-1 ကျောက်ကြားရပ်တွင် (၃၀-၈-၂၀၁၉)ရက်နေ့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောက်များပြိုကျခဲ့ရာ ပျက်စီးသွားသည့် လူနေအိမ်(၃)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၂၁)မျိုး (၃)အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၆၀၀၀၀၀/-)ကျပ်၊ ဘေးသင့် လူဦးရေ (၁၃)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာထောက်ပံ့ငွေ(၂၇၃၀၀/-)ကျပ်၊ သေဆုံးသူ(၁)ဦးအတွက် (၃၀၀၀၀၀/-)ကျပ်၊ ဒဏ်ရာရရှိသူ(၃)ဦးအတွက် (၁၅၀၀၀၀/-)ကျပ်၊ ရန်ပုံငွစုစုပေါင်း (၁၀၇၇၃၀ဝိ/-)ကျပ်ကို (၂-၉-၂၀၁၉)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_fld
#kyh_sep 2019
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)