လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ လောင်းလုံးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၉)ရက်နေ့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကျောက်ဆင်ကျေးရွာအုပ်စု၊ သဘော့ဆိပ်ကျေးရွာတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပင်လယ်ဒီရေ ရိုက်ခတ်မှုကြောင့် လုံးဝပျက်စီးနေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စု အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၁၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၂၅၂၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၃)အိမ်ထောင်စာတို့အား (၂-၉-၂၀၁၉)ရက်နေ့ ညနေ(၀၄းဝ)နာရီအချိန်တွင် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လောင်းလုံးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#tny_sep 2019