လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃၁-၈-၂၀၁၉)ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၊ ကျေးရွာအုပ်စု(၄)စုတို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ပြိုလဲနေအိမ်(၁၄)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၄၀၀၀၀၀/-)ကျပ်၊ ပြိုလဲအိမ်ထောင်စု(၁၄)စုရှိ လူဦးရေ(၅၁)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ (၁၀၇၁၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၅၀၇၁၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုး(ပလပ်စတစ်ပုံးအပါ)(၁၄)အိမ်ထောင်စာအား (၂-၉-၂၀၁၉)ရက်နေ့တွင် နတ်တလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
#ha_fld
#bgo_sep 2019