ရေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်မှုဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁-၉-၂၀၁၉) ရက်နေ့၌ ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်၊ ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၈)တို့တွင် ဖြစ်ပွားခဲ့သော ရေဘေးမှ ပြောင်းရွှေ့အိမ်ထောင်စု(၁၅၀၂)စုမှ လူဦးရေ(၅၄၄၇)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံငွေ(၁၁၄၃၈၇၀၀/-)ကျပ်၊ သေဆုံးသူ(၁)ဦးအတွက် ထောက်ပံ့ငွေ(၃၀၀၀၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၁၁၇၃၈၇၀၀/-)ကျပ်အား (၂-၉-၂၀၁၉)ရက်နေ့တွင် ဇီးကုန်းမြို့နယ်၊ မြို့နယ်ခန်းမ၌ ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး၊ မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်ဝယ်အရောက် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ha_fld

#bgo_sep 2019

 

Sign Up

Upcoming Events