လေဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့တွင် ရေစကြိုမြို့နယ်၊ မအူအောက်ဆိပ်ကျေးရွာ၌ ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးလူနေအိမ်(၁)လုံး၊ အိမ်ထောင်စု(၁)စုမှလူဦးရေ (၄)ဦး အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်နှင့် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၈၄၀၀/-)ကျပ် စုစုပေါင်းထောက်ပံ့ငွေ (၅၈၄၀၀/-)ကျပ်အား (၂၉-၈-၂၀၁၉)ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Sourceး ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#mgy_aug 2019

 

Sign Up

Upcoming Events