ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေး ဗြိတိန်နိုင်ငံ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာနမှ တာဝန်ရှိသူအား လက်ခံတွေ့ဆုံ

30_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး  ဗြိတိန်သံရုံး၏ အပြည်ပြည်ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးဌာန (Department of International Development –DFID) အကြီ်းအကဲအဖြစ် တာဝန်ထမ်းဆောင်ရန် အသစ်ရောက်ရှိလာသူ Mr. Rurik Marsden အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး မေခလာခန်းမ၌ လက်ခံတွေ့ဆုံပါသည်။

ထိုသို့တွေ့ဆုံရာတွင် DFID မှ ရန်ပုံငွေထောက်ပံ့လျက်ရှိသော Livelihood and Food Security Trust Funds (LIFT Funds) မှ ဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ၊ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှ မွေးဖွားလာသော ကလေးငယ် အသက်(၂)နှစ်အထိ ငွေကြေးထောက်ပံ့မှုအစီအစဉ် (Maternal and Child Cash Transfer – MCCT)အား တိုးချဲ့ဆောင်ရွက်နေမှုအခြေအနေများ၊ အဆိုပါ MCCT စနစ်အား ပိုမိုထိရောက်ကောင်းမွန်စေရေးအတွက် အီလက်ထရောနစ်စနစ်ဖြင့် ငွေကြေးလွှဲပြောင်းမှု (Electronic Cash Transfer) ဆောင်ရွက်သွားမည့်အပေါ် DFID မှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ လူမှုဝန်ထမ်း ဆိုင်ရာပညာရပ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကူညီနိုင်မည့် အခြေအနေများ၊ မသန်စွမ်းသူများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြန်လည်ထူထောင်ရေးအတွက် ဆောင်ရွက်နေမှုများ၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေး ဆောင်ရွက်နေမှုများ၊ သဘာဝဘေးအန္တရာယ် လျော့ပါးရေးလုပ်ငန်းများနှင့် ရာသီဥတုပြောင်းလဲမှုအား တုံ့ပြန်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များတွင် DFID နှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

#hl1

#npw_aug2019

၂၉-၈-၂၀၁၉၊ နေပြည်တော်

Sign Up

Upcoming Events