လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ နေပြည်တော်တိုင်းဦးစီးမှူးရုံး ဥတ္တရခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၈-၂၀၁၉) ရက်နေ့၊ (၁၀း၄၅) အချိန်မှ (၁၂း၀၀) အချိန်အထိ လယ်ဝေးမြို့နယ်၊ ပင်သောင်းကျးရွာအုပ်စု၊ ရွှေတိုက်တန်းကျေးရွာတွင် ကျေးရွာသူ/ကျေးရွာသားများအား သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများနှင့်ပတ်သက်သော ဆောင်ရန်/ ရှောင်ရန်အချက်များအား သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် သဘာဝဘေးအသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ရာ ပြည်သူလူထု (၈၀)ဦးခန့် တက်ရောက်ခဲ့ပြီး အဆိုပါတက်ရောက်လာသူများအား သဘာဝ ဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာများနံရံကပ်ပိုစတာများနှင့် မုန့်များဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိသည်။
Source: ဥတ္တရခရိုင်ဦးစီးမှူးရုံး (ဘစမ)
~~~~~~~~~~~~~~~~~~~~~~~~~~
#ar
#npw_aug2019