လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ကျွဲဒုံးကျးရွာအုပ်စု၊ ကျွဲဒုံးကျေးရွာ၌ (၁၇-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် ပျက်ဆီးဆုံးရှှုံးခဲ့သည့် နေအိမ် (၂)လုံး အိမ်ထောင်စု (၂)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၄၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ (၁၂၆၀၀/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၄၁၂၆၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၅)မျိုးပါ (၂)ပုံးတို့အား (၂၀-၈-၂၀၁၉) ရက်နေ့ (၁၂း၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Sourceး မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#ayy_aug 2019