မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ဘေးသင့်ဘုန်းကြီးကျောင်းအတွက်ထောက်ပံ့မှုသတင်း

16_Pic_01လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၂-၈-၂၀၁၉) ရက်နေ့တွင် မွန်ပြည်နယ်၊ ပေါင်မြို့၊ ကျခေတ်ငူကျေးရွာအုပ်စု၊ လက်ပံကျေးရွာ၌ ဖြစ်ပွားခဲ့သော မိုးသည်းထန်စွာရွာသွန်း၍ မြေပြိုမှုကြောင့် ပြိုကျပျက်စီးဘုန်းကြီးကျောင်း(၁)ကျောင်းအတွက် ကျောင်းဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ပျံလွန်တော်မူခဲ့သော ဘုန်းတော်ကြီး(၁)ပါးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်နှင့် ဒဏ်ရာရရှိခဲ့သော ဘုန်းတော်ကြီး (၁) ပါးအတွက်ထောက်ပံ့ငွေ (၅၀,၀၀၀/-) ကျပ်တို့ကို (၁၃-၈-၂၀၁၉) ရက်နေ့တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_rbe

#mon_aug2019

Source:           သထုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

 

Sign Up

Upcoming Events