လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သာပေါင်းမြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာအုပ်စု၊ လယ်တီကြီးကျေးရွာနှင့် မရမ်းကုန်းကျေးရွာ၊ ကျားရဲကျေးရွာအုပ်စု၊ ကျောတန်းကြီးကျေးရွာတို့၌ (၁၃-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၃၀၀,၀၀၀/-)ကျပ်၊ လူဦးရေ (၁၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၂၅,၂၀၀/-) ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၃၂၅,၂၀၀/-) ကျပ်တို့အား (၁၆-၈-၂၀၁၉) ရက်နေ့ (၁၃း၀၀) နာရီအချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တကွ တာဝန်ရှိသူများ၏ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ၏လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#ayy_aug2019