လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချောက်မြို့နယ်၊ ဥယျာဉ်ကျေးရွာအုပ်စု၊ ရေလယ်တောင်ကျေးရွာ၌ (၁၄-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁၈) လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးငွေ (၁,၈၀၀,၀၀၀/-) ကျပ်၊လူဦးရေ (၅၆) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၁၇၆၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁,၉၁၇,၆၀၀/-) ကျပ်တို့အား (၁၅-၈-၂၀၁၉) ရက်နေ့ (၁၀း၃၀) နာရီအချိန်တွင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#mgy_aug2019