လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဲကုန်းမြို့နယ်၊ အုပ်ဆွဲကျေးရွာအုပ်စု၊ ပင်စည်ကုန်းကျေးရွာ၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ဘေးသင့် အမိုးလန်နေအိမ် (၁) လုံးမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်၊ ဌက်တော်ဦးကျေးရွာအုပ်စု၊ ကူနီကန်ကျေးရွာ၌ ဘေးသင့်ပြိုလဲနေအိမ် (၁) လုံး အတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး၊ အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၇) ရက်စာ (၁၀,၅၀၀/-) ကျပ်နှင့် ဗဟိုရပ်ကွက်၊ ရင်းတိုက်မှော်ရပ်တွင် ဘေးသင့်အမိုးလန်နေအိမ် (၁) လုံးမှ လူဦးရေ (၂) ဦးအတွက် ဆန်ရိက္ခာဖိုးငွေ (၄,၂၀၀/-) ကျပ်တို့အား (၁၄-၈-၂၀၁၉) ရက်နေ့၊ (၁၀း၀၀) နာရီ အချိန်တွင် ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
Source: ပြည်ခရိုင်ဦးစီးမှူးရုံး(ဘစမ)
#ha_sgw
#bgo_aug2019