လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပွင့်ဖြူမြို့နယ်၊ ခုံစုကျေးရွာတွင် (၉-၈-၂၀၁၉)ရက်နေ့၌ ဖြစ်ပွားခဲ့သော မုန်းချောင်းကမ်းပြိုဘေးကြောင့် ပြောင်းရွှေ့အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု(၁)စုတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀,၀၀၀/-)၊ လူဦးရေ(၁၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၂၅,၂၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၂၅,၂၀၀/-)ကျပ်အား (၁၃-၈-၂၀၁၉)ရက်နေ့ (၁၄း၁၀)အချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
Source; မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#mgy_aug 2019