ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

13_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝောမြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု(၁၅)အုပ်စုတို့၌ (၁၀-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သောရေဘေးကြောင့် ဘေးသင့်အိမ်ထောင်စု (၅၁၄) စုရှိ လူဦးရေ (၂,၄၀၁) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၅,၀၄၂,၁၀၀/-) ကျပ်ကို (၁၃-၈-၂၀၁၉)ရက်နေ့၊ (၁၃:၀၀) နာရီအချိန်တွင် ဝောမြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာဝန်ရှိသူများ၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

#ha_fld

#bgo_aug2019

Source:           ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events