လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၃-၈-၂၀၁၉)ရက်နေ့၊ နံနက်(၀၉း၀၀)မှ (၁၁း၀၀)အချိန်ထိ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေး အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၅၀) ဦးတက်ရောက်ခဲ့ပါ သည်။ အဆိုပါဟောပြောပွဲ၌ ရာသီဥတုပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်မဖြစ်ပွားမီ/ ဖြစ်ပွားနေစဉ်/ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးဟောပြောခြင်း၊ ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့် အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် တုန့်ပြန်ဆောင်ရွက်ရမည့် အနေအထားများကို ဂိမ်းများကစားခြင်းဖြင့် ရှင်းလင်းဟောပြောခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါ ကြာင်း သတင်းရရှိပါသည်။
#ar
#shn_aug2019
Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)