ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂-၅-၂၀၁၆)ရက်နေ့ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု (၁၄)စုမှ ကျေးရွာခွဲ (၄၂)ရွာတွင် လူနေအိမ် ပြိုကျပျက်စီး (၆၃)လုံးနှင့် အမိုးလန် (၃၉၀)လုံးမှ လူဦးရေ ကျား (၉၈၇)ဦးနှင့် မ (၉၃၁)ဦး၊ စုစုပေါင်း (၁၉၁၈)ဦး လေဘေးသင့်ခဲ့ပါသည်။ အဆိုပါ လေဘေးသင့် ပြည်သူများအတွက် ပြိုကျပျက်စီး အိမ်ခြေ (၆၃)လုံးအတွက် (၁)အိမ်လျှင် (၅၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း (၃၁၅၀၀၀၀/-)နှင့် အမိုးလန်အိမ် (၃၉၀)အတွက် (၁)အိမ်လျင် (၂၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း (၇၈၀၀၀၀၀/-)၊ ထောက်ပံ့ငွေ စုစုပေါင်း (၁၀၉၅၀၀၀၀/-)အား လည်းကောင်း၊ ပြိုကျပျက်စီး အိမ်ခြေ (၆၃)လုံးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၉)မျိုးနှင့် အမိုးလန်အိမ်(၃၉၀)အတွက် ကယ်ဆယ်ရေးပစ္စည်း(၄)မျိုးအားလည်းကောင်း ဘေးသင့်ပြည်သူများလက်ဝယ်သို့ (၁၀-၅-၂၀၁၆)ရက်နေ့တွင် ထောက်ပံ့ခဲ့ပါသည်။