လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့တွင် မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပေကုန်းကျေးရွာအုပ်စု ပေကုန်းကျေးရွာ၌ ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီးနေအိမ် (၃)လုံး၊ အမိုးလန်ပျက်စီးနေအိမ် (၂၉)လုံး၊ စုစုပေါင်းနေအိမ် (၃၂)လုံး၊ အိမ်ထောင်စု (၃၂)စုမှ လူဦးရေ (၁၅၄)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၁၇၀ဝဝဝ/-)ကျပ်၊ ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံံ့ငွေ (၃၂၃၄၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၄၉၃၄၀ဝ/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုးပါ (၂)ပုံး၊ (၁၇)မျိုးပါ (၁)ပုံးတို့အား (၇-၈-၂၀၁၉) ရက်နေ့ (၁၄း၁၅)နာရီအချိန်တွင် မအူပင်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများ၏ ရှေ့မှောက်၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_aug 2019

Sign Up

Upcoming Events