ကမ်းပါးပြို၍ ပြောင်းရွှေ့နေအိမ်များ ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၆-၂၀၁၉)နေ့၊ (၁၈-၆-၂၀၁၉)နေ့၊(၂၁-၆-၂၀၁၉)နေ့၊(၂၄-၆-၂၀၁၉)နေ့နှင့်(၁-၇-၂၀၁၉)ရက်နေ့တွင် ကသာမြို့နယ်၊ ပုလွေရွှေကျေးရွာအုပ်စု၊ ရေလယ်ကျွန်းကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှု ကြောင့် ကမ်းပါးပြို၍ အိမ်ထောင်စု(၅၆)စုမှ ပြောင်းရွှေ့နေအိမ်များအတွက် ပြောင်းရွှေ့သည့်မြေနေရာသည် မြစ်နှင့်ဝေးကွာလွန်း၍ ရေရရှိမှုအခက်အခဲများ ကြုံတွေ့ရသဖြင့် ယာယီ ရေသိုလှောင်ကန်ပြုလုပ်ရန်အတွက် ဆော်ဒီမိုးကာစ(၆×၄)ကိုက် (၅၆)စအား (၇-၈-၂၀၁၉)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။

Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_rbe

#sgg_aug 2019

Sign Up

Upcoming Events