လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၇-၈-၂၀၁၉) ရက်နေ့တို့တွင် လေပြင်းတိုက်ခက်မှုကြောင့် အုတ်ဖိုမြို့နယ်၊ သရက်ကုန်းကျေးရွာအုပ်စု၊ ကျက်ဆူတောကျေးရွာတွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်နေအိမ်(၁)လုံးရှိ ဘေးသင့် လူဦးရေ(၂)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၄၂၀၀/-)ကျပ်အား(၉-၈-၂၀၁၉)ရက်နေ့ (၁၁း၀၀)နာရီအချိန်တွင် အုတ်ဖိုမြို့နယ်အုပ်ချုပ်ရေးမှူးရုံးအစည်းအဝေးခန်းမတွင် မြို့နယ် ဒုတိယဦးစီးမှူး၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူး၊ စာရေးများနှင့်အတူဘေးသင့် ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: မိုးညိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_sgw
#bgo_aug 2019