လေဘေးသင့် ပြည်သူအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အမာမြို့၊ မြို့ကုန်းကျေးရွာအုပ်စု၊ ရေဆိုင်ကျေးရွာတွင် လေပြင်းတိုက်ခတ်မှုကြောင့် (ဓနိမိုး၊ကာ၊ဝါးခင်း)ပြိုကျနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊ဘေးသင့်လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ(၁၂၆၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေကျပ်(၁၁၂၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုး အိမ်ထောင်စု(၁)စုစာတို့အား (၈-၈-၂၀၁၉)ရက်နေ့(၁၀း၃၀)နာရီအချိန်တွင် သက်ဆိုင်ရာတာဝန်ရှိသူများရှေ့မှောက်၌ ဘေးသင့်ပြည်သူများလက်ဝယ်သို့ ထောက်ပံ့ပေးအပ် ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဖျာပုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_sgw

#ayy_aug 2019

Sign Up

Upcoming Events