လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၃-၈-၂၀၁၉)ရက် နေ့တွင် ကသာမြို့နယ်၊ မြေနုကျးရွာအုပ်စု၊ မြေနုကျေးရွာတွင် ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့် ကမ်းပြိုပြောင်းရွှေ့ အိမ်ထောင်စု(၁)စုမှ လူဦးရေ(၁၀)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၀)မျိုး (၁)အိမ်ထောင်စာ၊ ဆန်ရိက္ခာဖိုးနှင့်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၂၁၀၀၀/)ကျပ်ကို (၆-၈-၂၀၁၉)ရက်နေ့တွင် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်းသတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_rbe
#sgg_aug 2019