ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာသီရိလင်္ကာနိုင်ငံသံအမတ်ကြီး လာရောက်တွေ့ဆုံ

8_Pic_02

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးအား မြန်မာနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံ သံအမတ်ကြီး H.E Mr. Nandimithra Ekanayake မှ  ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဝန်ကြီးရုံး မေခလာခန်းမ၌ လာရောက်တွေ့ဆုံခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများအား ပဋိသန္ဓေ တည်သည်မှစ၍ သက်ကြီးရွယ်အိုအထိ (Life Cycle Approach) ဖြင့် ဆောင်ရွက်နေမှုများ၊ လိုအပ်သောကျွမ်းကျင် ပညာရှင်များမွေးထုတ်နိုင်ရေးအတွက် Social Work Institute တည်ထောင်ရန် စီစဉ်ဆောင်ရွက်နေမှုများ၊ လမ်းပေါ်နေကလေးများ၊ မူးယစ်ဆေးသုံးစွဲသူများနှင့် လူကုန်ကူးခံရသူများအား ပြန်လည်ထူထောင်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများ၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဆောင်ရွက်နေမှုများနှင့် ပြန်လည်နေရာချ ထားရေးလုပ်ငန်းစဉ်များအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများ၊ ပဋိပက္ခဆိုင်ရာစီမံခန့်ခွဲမှု၊ လူမှုရေးဆိုင်ရာ လုပ်ငန်းများ၊ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများနှင့် Social Worker Exchange Program ကဲ့သို့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြကြောင်းသတင်းရရှိပါသည်။

#hl1

#npw_aug2019

နေပြည်တော်၊ သြဂုတ်လ ၈

Sign Up

Upcoming Events