လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

8_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာအုပ်စု၊ သပြုကျေးရွာ၌ (၅-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် ပြိုကျပျက်စီး(ဓနိမိုး၊ ဓနိကာ)နေအိမ်(၂) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၁၁) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၂) အိမ်ထောင်စုစာတို့ကို (၇-၈-၂၀၁၉)ရက်နေ့၊  နံနက်(၁၁း၀၀) အချိန်တွင် ဘိုကလေးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များရှေ့မှောက်၌ ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:           ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events