လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

8_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ဟသာၤတမြို့နယ်အတွင်း အင်းကြီးအုပ်စု၊ အင်းကြီးကျေးရွာ၌ (၅-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီး နေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်l ဘေးသင့်လူဦးရေ (၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်တို့ကိုလည်းကောင်း၊ လယ်ကြီးကွင်းအုပ်စု၊ ရွာသစ်တောင်ကျေးရွာ၌ (၆-၈-၂၀၁၉) ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်မှုကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၁) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်တို့ကိုလည်းကောင်း (၇-၈-၂၀၁၉) ရက်နေ့တွင် ဟသာၤတမြို့နယ်အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်းသတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:           ဟင်္သာတခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events