ရေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

8_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် မြောင်းမြမြို့နယ်၊ ကံကော်မြိုင်ရပ်ကွက်၌ (၄-၈၂၀၁၉) ရက်နေ့မှ (၆-၈-၂၀၁၉) ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်း၍ ရေဝင်နစ်မြုပ်မှုကြောင့် ကံကော်မြိုင်ဘုန်းကြီးကျောင်း၊ ယာယီကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃၆) စုမှ လူဦးရေ (၁၅၉) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၃၃၃,၉၀၀/-) ကျပ်ကိုလည်းကောင်း၊ သရက်ကုန်းဘုန်းကြီးကျောင်းရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၁၉) စုမှ လူဦးရေ (၈၇) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၈၂,၇၀၀/-) ကျပ်ကိုလည်းကောင်း၊ ပညာဇေယျုံဘုန်းကြီးကျောင်းရေဘေးရှောင်စခန်းရှိ အိမ်ထောင်စု (၉) စုမှ လူဦးရေ (၄၃) ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၉၀,၃၀၀/-) ကျပ်ကိုလည်းကောင်း (၇-၈-၂၀၁၉) ရက်နေ့၊ နံနက်(၁၁း၃၀) အချိန်တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_fld

#ayy_aug2019

Source:           မြောင်းမြခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events