အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း

8_Pic_01

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တာချီလိတ်မြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၆-၈-၂၀၁၉) ရက်နေ့၊ နံနက်(၁၀း၀၀) မှ (၁၂း၀၀) အချိန်အထိ တာချီလိတ်မြို့၊ တာလော့ရပ်ကွက်၊ အခြေခံပညာအလယ်တန်းကျောင်း၌ အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ခဲ့ရာ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၁၀၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါဟောပြောပွဲ၌ ရာသီဥတုပြောင်းလဲခြင်းနှင့် စပ်လျဉ်း၍ ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များ၊ ဘေးအန္တရာယ်မဖြစ်ပွားမီ/ ဖြစ်ပွားနေစဉ်/ ဖြစ်ပွားပြီးနောက် ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေး ဟောပြောခြင်း၊ ငလျင်လှုပ်ခတ်နေစဉ်နေထိုင်ရမည့် အနေအထားကို လက်တွေ့သရုပ်ပြသခြင်း၊ ဘေးအမျိုးအစားအလိုက် တုန့်ပြန်ဆောင်ရွက်ရမည့် အနေအထားများကို ဂိမ်းများကစားခြင်းဖြင့် ရှင်းလင်းဟောပြောခဲ့ခြင်းတို့ဆောင်ရွက်ခဲ့ပြီး တက်ရောက်လာသူများအား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါ ကြာင်း သတင်းရရှိပါသည်။

#ar

#shn_aug2019

Source:           တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events