လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

7_Pic_03

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည်  ဒေးဒရဲမြို့နယ်၊ ကုလားကုန်းတန်းကျေးရွာနှင့် တိုးကျေးရွာတို့၌ (၃-၈-၂၀၁၉) ရက်နေ့တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့် တစ်စိတ်တစ်ပိုင်းပျက်စီးနေအိမ် (၂) လုံးမှ လူဦးရေ (၆) ဦးဘေးသင့်ခဲ့ရာ အဆိုပါဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၂,၆၀၀/-) ကျပ်တို့ကို (၆-၈-၂၀၁၉) ရက်နေ့တွင် ဒေးဒရဲမြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးခန်းမ၌ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#ayy_aug2019

Source:           ဖျာပုံခရိုင်ဦးစီးမှူးရုံး(ဘစမ)

 

Sign Up

Upcoming Events