လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဘိုကလေးမြို့နယ်၊ အမှတ်(၇)ရပ်ကွက်၊ (၁၂)လမ်းတွင် (၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ (၅) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၀၅၀၀/-)ကျပ်တို့ကို (၆-၈-၂၀၁၉)ရက်နေ့၊ နေ့လည်း (၁၂း၃၀)နာရီအချိန်တွင် လည်းကောင်း၊ ဘိုကလေးမြို့နယ်၊ အမှတ်(၈)ရပ်ကွက်၊ (၇)လမ်းတွင် (၃-၈-၂၀၁၉)ရက်နေ့တွင် ဖြစ်ပွားခဲ့သော လေဘေးကြောင့် အမိုးလန်ပျက်စီးနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ(၅၀၀၀၀/-)ကျပ်၊ ဘေးသင့်လူဦးရေ(၄) ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုးထောက်ပံ့ငွေ (၈၄၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၅၈၄၀၀/-)ကျပ်ကို (၆-၈-၂၀၁၉)ရက်နေ့ နေ့လည်း (၁၂း၄၅)နာရီအချိန်တို့တွင် ဘိုကလေးအထွေထွေအုပ်ချုပ်ရေးဦးဌာနမှတာဝန်ရှိသူများ လွှတ်တော်ကိုယ်စားလှယ်များ ရှေ့မှောက်တွင် ဘေးသင့်ပြည်သူများလက်ဝယ်သို့ထောက်ပံ့ပေးအပ်ခဲ့ပါကြောင့် သတင်းရရှိပါသည်။
Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
# ha_sgw
# ayy_aug 2019